မွေးလာမယ့် အမြွှာသမီးလေးနှစ်ယောက်ကို ဘယ်ဘာသာကိုးကွယ်ခိုင်းမလဲဆိုတာ ချစ်သုဝေပြော

555444

ပရိသတ်တွေသိချင်နေတဲ့ မွေးလာမယ့် အမြွှာသမီးလေးနှစ်ယောက်ကို ဘယ်ဘာသာကိုးကွယ်ခိုင်းမလဲဆိုတာ ချစ်သုဝေ ပြော
မွးလာမယ့် အမြွှာသမီးလေးနှစ်ယောက်ကို သူတို့ ယုံကြည်တဲ့ ဘာသာကိုပဲ ကိုးကွယ်ခိုင်းမယ်လို့ ချစ်သူဝေက ဆိုပါတယ်။
သူမခံယူထားတဲ့အတိုင်း ဘာအရာကိုမှ အစွန်းရောက်တာ မကြိုက်တဲ့အတွက် ခင်ပွန်းဖြစ် သူကိုးကွယ် တဲ့ ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ် သူမကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာပဲ ဖြစ်ဖြစ် ကလေးတွေ ယုံကြည်ရာ ဘာသာကိုပဲ ကိုးကွယ်ခိုင်းမယ်လို့ Sunday Journal မှ ဖြေဆိုထားပါတယ်။
သူမအနေနဲ့လည်း ခရစ်ယာန်ဘာသာကိုးကွယ်ပေမယ့် ခင်ပွန်းဖြစ်သူ ဘုရားသွားကျောင်းတက်ကို ပါရမီဖြည့် ပေးသလို သူမဘုရားကျောင်းသွားရင်လည်း ခင်ပွန်းဖြစ်သူက ပါရမီဖြည့်ပေးတယ်လို့ သူမက ဆိုပါတယ်။
သူမတို့ နှစ်ယောက်စလုံးကိုးကွယ်တဲ့ ဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့အတွက် ကလေးနှစ်ယောက် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် ဘုရားရဲ့ အဆုံးအမကို သေသေချာချာ လိုက်နာတတ်တဲ့ လူကောင်း လူမှန်လေး တွေ ဖြစ်စေချင်တယ်လို့ သူမက ဖြေဆိုပေးထားပါတယ်။
Source : Sunday Journal
Photo : ချစ်သုဝေ ဖေ့စ်ဘွတ်
Previous
Next Post »