ပြီးခဲ့တဲ တနင်္ဂနွေညက ကင်မ်ကာဒါရှီယန်တည်းခိုတဲ့ ပါရီက တိုက်ခန်းကို ဓားပြတွေ ဝင်ရောက်ပြီး ဒေါ်လာ ၁၀ သန်းကျော်တန် ရတနာတွေ ယူဆောင်သွားခဲ့ရာ သူတို့ကို သတိရှိနိုင်ဖို့ ရဲတွေက အပူတပြင်း ရှာဖွေနေတာ ဖြစ်ပါတယ်။
ရဲအဝတ်အစားဝတ်ထားပြီး မျက်နှာဖုံးစွပ် ဓားပြတွေကို လက်သည်းခြေသည်းအလှပြင်ဆိုင်တစ်ခုက စီစီတီဗီတစ်ခုမှာ ဖမ်းမိခဲ့တဲ့အတွက် ယင်းစီစီတီဗီမှတ်တမ်းကို ပြင်သစ်စုံထောက်တွေက သိမ်းစည်းထားတယ်လို့ သိရပါတယ်။
"အဲဒီမှတ်တမ်းကို ရဲက အင်္ဂါနေ့မနက်က ယူသွားပါတယ်။ အဲဒီအကြောင်း မီဒီယာကို မပြောဖို့ ဆိုင်ပိုင်ရှင်ကို သူတို့က ပြောသွားပါတယ်။ ဆိုင်ပိုင်ရှင်ကိုတောင် သူတို့က ကြည့်ခွင့်မပေးပါဘူး။ ဒါပေမဲ့ ဘာတွေပါသလဲဆိုတာကိုတော့ ပြောပြသွားခဲ့တယ်" Bel Ange လက်သည်းခြေသည်းအလှပြင်ဆိုင် မန်နေဂျာရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
"အဲဒီထဲမှာ သူတို့မျက်နှာတွေ ပါတယ်လို့ ပြောသွားတယ်" လို့ ထိုလူက ဆိုပါတယ်။
ယင်းကင်မရာအတွင်းမှ ရရှိခဲ့တဲ့ ဓာတ်ပုံတွေကို မပြနိုင်သေးကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ငြင်းဆန်နေဆဲပါပဲ။
Ref: Duwun