မိဘအတွက် ကွယ်လွန်ခါနီးမှ သဒ္ဒါပိုသူနဲ့ သဒ္ဒငြိုသူများ...



အသက်ကြီးတဲ့သူတွေ နေထိုင်မကောင်းတဲ့အခါ
ငှက်သိုက်နဲ့ Ensure ဗူး ဝယ်တိုက်ကြတယ်....

များသောအားဖြင့် 
Ensure ကို အဖတ်မဝင်တော့တဲ့ သူတွေ
အခြေအနေမကောင်းတော့တဲ့ သူတွေသာ 
တိုက်ကြတယ်  ကိုယ့်အရပ်မှာ ပြောပါတယ်..

ဟိုးတစ်နှစ်က
ပိုက်ဆံချမ်းသာတဲ့ သားသမီးတွေရဲ့အမေ ဆုံးခါနီးဆဲဆဲ ရက်ပိုင်းအလိုမှာ
ဘေးပတ်ဝန်းကျင်က Ensure ဗူး ဝိုင်းတိုက်ဖို့ အကြံပြုပေမယ့် သူ့သမီးတွေက
အမေက နေ့လားညလားပဲမို့ မကုန်ရင် နှမြောစရာကြီးတဲ့............
ဝယ်မတိုက်ဘူး...
၅ရက်လောက်နေတော့ ဆုံးသွားတာပါပဲ...။

မနေ့ကလည်း သားသမီးကို သိပ်အလိုလိုက်လွန်းတဲ့ အိမ်ထောင်သည်သမီးတစ်ယောက်
သူမရဲ့ အမေအတွက် 
Ensure ဗူး ဝယ်တိုက်ဖို့ရာ
အဲဒီစကားပဲ ထွက်လာတယ်..
အံသြစရာပါ။

ရှင်သန်ချိန်မှာ မနှမြော အားရဝမ်းသာ
ကျွေးတတ်ကြပေမယ့်
ဆုံးခါနီးကျမှ ဘာကိုမြင်ပြီး ထစ်နေကြလည်း မသိ...

တကယ်တော့
ရှင်သန်ချိန်မှာလည်း လိုအပ်သလို
ထွက်ခွာခါနီးအချိန်မှာလည်း
သက်တောင့်သက်သာ ထွက်သွားနိုင်ဖို့ရာ
အတော်လေး လိုအပ်လှပါတယ်... 

ဆုံးခါနီးမှာ အတော်များများ တွန့်ကြသလို
တချို့ကြ ဆုံးခါနီးမှာမှ ပိုကျွေးချင်ကြတာတွေလည်း ရှိရဲ့ ..

မိဘတွေအနေနဲ့ သားသမီးတွေ နေမကောင်းဖြစ်လာတဲ့အခါ ကုန်ချင်သလောက်ကုန်ပါစေ
သားသမီးဇောနဲ့ ကုကြသလောက်
မိဘတွေအလှည့်ကျ လူကြီးရောဂါဆိုပြီး.................

ဒီလိုနဲ့ပဲ
ငွေကြေးမကြွယ်ဝတဲ့ လူတန်းစားအချို့ကြားမှာ........

ဆီလျော်အောင် အနည်းငယ်ပြုပြင်ရေးသားထားပါသည်။
Credit to မအေးအေးဆိုး(facebook)
#Mikia Myanmar
Previous
Next Post »