ရေအောက်ဈေးသည်။

Online shopping လုပ်မယ်လို့ စဉ်းစားမိတယ်...

သူများတွေလည်း အဆင်ပြေနေတော့လေ...

ရောင်းမယ်ဆို အဓိကအရေးကြီးတာ ရောင်းကုန်ကို စဉ်းစားရပီလေ....

လူတွေအတွက်လည်း မဝယ်မနေရ ပစ္စည်းမျိုးဖြစ်ရမယ်...
တကယ်လည်း အရေးကြီးရမယ်....
ဒါနဲ့ပဲ ခေါင်းထဲဝင်လာတာက...
အနာဂတ်ရန်ကုန်....
-ပင်လယ်ဘက်ရွှေ့မည်ဟု ပြောသည်...
-မြေအောက်ထဲလည်း ထည့်အုံးမတဲ့.....

ရပြီ...ဒီ နှစ်ချက်နဲ့တင် တွက်ချေကိုက်ပြီ.....

ပင်လယ်ဘက်ရွှေ့မည်ဆိုတော့...
သေချာသည် မဟာရန်ကုန် ရေမြုပ်ပြီ...
စောင်ရန်ကုန်သားများ ပြူလတစ်ဖြစ်လတ္တံ့....

မြေအောက်ထဲထည့်မည်ဆိုတော့....
ပို၍သေချာသည်....
ယခုတောင် မြေအောက်ကားပါကင်များတွင် မိုးတွင်းဆို ငါးမွေးမြူလို့ရနေပြီ....
လူတွေပါ ထည့်မည်ဆိုရင်တော့...ဒီ စောင်ရန်ကုန်သားများ သေချာပေါက်
ဒုက္ခရောက်ပြီ....

အာ့တော့ ကိုယ်တွေက OS ရောင်းရင်း ကယ်ဆယ်ရေးလုပ်မည်...
ကုသိုလ်လည်းရ ဝမ်းလည်းဝ....
၁။ ရေငုပ်ဝတ်စုံရောင်းမည်....
၂။အောက်စီဂျင်ဘူး လက်လီလက်ကားဖြန့်မည်...
၃။အသက်ကယ်အင်္ကျီရောင်းမည်.....
၎။အကယ်၍ တင်သွင်းခွင့်ပြုပါက ရေငုပ်သင်္ဘော ရောင်းမည်....
အရင်းအနှီးတော့ များမည်...ပြဿနာမရှိ သေချာပေါက် ရောင်းရမည့် ပစ္စည်းဖြစ်သည်....
ဟို အယ်မတို့က သေချာပေါက် ရေမြုပ်မည့် ပလန်ဆွဲမှာဆိုတော့....
ကိုယ်တွေလည်း သေချာပေါက် အမြတ်ထုတ်ရမည်....!!!!

ဤသည်ကား အနာဂတ်ရန်ကုန်နှင့် ကျွန်တော့်၏ စီးပွားရေး ပလန်ပေတည်း...!!!

ငှဲ ငှဲ...!!!

Credit to သက်တန့်ဘို

Previous
Next Post »