HarTha

အမေရိကန်ပြည်ထောင်စုရှိ ဦးလေးတော်သူ သန်းကြွယ်သူဋ္ဌေး မျက်စိကွယ်သဖြင့်
၎င်းအား ပြုစုစောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံကူးလတ်မှတ် ထုတ်ပေးရန်
ဆိုဗီယက် ပြည်ထဲရေးဝန်ကြီး ဋ္ဌာနသို့ တူမဖြစ်သူ လျှောက်လွှာ လာတင်သည်။
၎င်းအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် အသင့် ရှိကြောင်း အမေရိကန် သံရုံး၏
ထောက်ခံစာပါ တစ်ပါတည်း တင်ပြသည်။ နိုင်ငံကူးလက်မှတ်ဋ္ဌနစိတ်မှ
ဝန်ထမ်းက သူမအား အကြံပေးသည်။
"ခင်ဗျားဦးလေး ဒီကို လာဘို့ လျှောက်တာဆိုရင်ပိုပြီး လွယ်လိမ့်မယ်ထင်တယ်"
"ကျွန်မ ပြောပြီးပါပကော၊ သူက မျက်စိကန်းသွားတာ၊ ရူးသွားတာ
မဟုတ်ဘူးလို့"




Previous
Next Post »