ဒုသမ္မတ(၁) လုံခြုံရေးပွိုင့်ကားနှင့်လိုင်စင်မဲ့အိမ်စီးကားတို့တိုက်မိ

ရန်ကုန်၊ ဇူလိုင်-၁၄
ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၏ အရေးကြီးပုဂ္ဂိုလ်ခရီးလမ်း ကြောင်းတွင် လုံခြုံရေး
လိုက်ပါလာသည့် နေပြည်တော် တိုင်းရဲ တပ်ဖွဲ့မှူးယာဉ်တန်းမှ ပွိုင့်ကားနှင့်လိုင်စင်မဲ့
အိမ်စီးကားတစ်စီး ကို ၀င်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၏ ပုဂံခရီး စဉ်တွင် လုံခြုံရေး
လိုက်ပါလာစဉ် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာဘောလုံးကွင်း
အကျော်၌ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ
အတည် ပြုခဲ့သည်။
"အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်း ကားကတော့ ပုံမှန်လာနေတာ။ တစ်ဖက် ယာဉ်မောင်းကို
စစ်မေးတော့ သူကဖုန်းပြောရင်း မောင်းလာတော့ ယာဉ်ထိန်းရဲကို မြင်တယ်။ လမ်းကြောင်း
ကားအသံကို သူမကြားဘူး။ ယာဉ်ထိန်းကလည်း လမ်း ဘေးချရပ်ခိုင်းတဲ့အချိန်မှာ သူက
ဖုန်းပြောလာတာရယ်၊ ကားကလည်း လိုင်စင်မဲ့ ဖြစ်နေတော့ ကြောက်လန့်ပြီး မောင်းလာတဲ့
ညာဘက်ယာဉ်ကြောအစွန်ကနေ လမ်း ကြောင်းကားလာနေတဲ့ ဘယ်ဘက်ယာဉ် ကြောကို
ဂငယ်ကွေ့ ကွေ့လိုက်တာမှာ ဖြစ်သွားတာ"ဟု ရဲအရာရှိတစ်ဦးက ရှင်းပြ သည်။
လိုင်စင်မဲ့ယာဉ်ကို မဆင်မခြင် မောင်းနှင်ခဲ့သူ ယာဉ်မောင်းကို စိုးထွန်း (၄၃ )နှစ်နှင့် အရေးကြီး
ပုဂ္ဂိုလ်လမ်း ကြောင်းပွိုင့်ကားမှ ရဲအုပ်ကျော်ကျော်ဦး နှင့် အခြားအဆင့်လေးဦးတွင် ထိခိုက်
ဒဏ်ရာအချို့ ရရှိခဲ့သဖြင့် တောင်ညိုနယ် မြေရဲစခန်း၌ ယာဉ်မဆင်ခြင်မောင်းနှင်မှု၊ ထိခိုက်
ဒဏ်ရာရရှိမှုနှင့် သွင်းကုန်ထုတ် ကုန်ဥပဒေတို့အရအမှု ဖွင့်အရေးယူထား ကြောင်း သိရသည်။
သတင်း-တင့်ဇော်ထွန်း


Previous
Next Post »