ရွှေတိဂုံရင်ပြင်ရဲ့ ဘယ်နေရာမှာ အင်္ဂလိပ်တို့ရဲ့ သချိ င်္ုင်း ရှိခဲ့ဖူးလဲ ?

 အင်္ဂလိပ်တို့သည် မြန်မာတပ်များနှင့် တွေ့ဆုံတိုက်ခိုက်ရာတွင် ကျဆုံးခဲ့သော ၄င်းတို့၏တပ်သား အလောင်းများကို ရွှေတိဂုံစေတီရင်ပြင်ပေါ်မှာပင် မြှုပ်နှံခဲ့ကြသည်။
နေရာမှာ ရင်ပြင်တော် အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) ပင်ဖြစ်သည်။

အမှတ် ၁၈  ၊ ဘုရင့်  အိုင်းရစ်တပ်မှ လက်ဖတင်နင် အာရ်ဒူရန် (Lt. R Doran) အမှတ် ၉ ၊ မဒရပ်ခြေမြန်တပ်ရင်းမှ ဂျေ အမ်တေလာ(J.M Taylor) နှင့် ဝင်ချက်စတာ သင်္ဘောမှ Captain စီ ဂျီ လော့(C.G.Locke) တို့၏ ရုပ် အလောင်းများပင်ဖြစ်သည်။

မြန်မာတို့သည် ၁၉၁၉ ခုနှစ်မှစတင်၍ အင်္ဂလိပ်စစ်တပ်များ ဘုရားကုန်းတော်မှပြောင်းရွှေ့ပေးရန် အရေးဆိုခဲ့ကြသည်။ ၁၉၂၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၇ နာရီခန့်တွင် ကုန်းတော်ပေါ်မှ အင်္ဂလိပ်သချိ င်္ုင်းများကို ကန်တိုမင်စစ်သချိ င်္ုင်း (ဦးဥတ္တမပန်းခြံ) သို့ စစ်အခမ်းအနားဖြင့် ပြောင်းရွှေ့ဖယ်ရှားပေးခဲ့သည်ဟု သိရှိရပါသည်။

#MiKIa
Previous
Next Post »