ဒလ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် တွံတေးတူးမြောင်းပိုင် နယ်နမိတ်အတွင်းရှိ ရေထိန်းနံရံသည် ဇူလိုင် ၁၄ ရက်နေ့ မနက် ၃နာရီအချိန်ခန့်က စတင်ပြီး ရေထိန်းနံရံ၏ အတွင်းဘက် ရှိ မြေသားများသည် ကူးတို့ဆိပ်ကမ်း ကွန်ကရစ်လှေခါးနှင့် ရေထိန်း နံရံ၏အောက်ခြေ အလျားပေ(၁ဝဝ)နီးပါးကျော်ခန့် ပြိုကျ ပျက်စီး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းကမ်းပြိုကျမှုများကြောင့် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ပြီး တားမြစ် နယ်မြေအဖြစ်သတ်မှတ်ကာ သတိပေးဆိုင်ဘုတ်စိုက်ထူထားပြီး အနီး အနားရှိ ဒေသခံပြည်သူများနှင့် ကျူးကျော်သူများ အား ရွှေ့ပြောင်းနေထိုင်ကြရန် အသိပေးပြောကြားထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောကြားသည်။
အဆိုပါ ဆာပါချောင်ကျောင်းစုရပ်ကွက်အတွင်း တွံတေးတူးမြောင်းဘေး
ရှိ ရေထိန်းနံရံကို ၂ဝ၁၄ ခုနှစ်မှ စတင် ဆောက်လုပ်ခဲ့ကာ ၂ဝ၁၅ ခုနှစ် အတွင်း ပြီးစီးခဲ့ပြီး ရေထိန်းနံရံမှာ ကျောက်စီရေထိန်းနံရံဖြစ်ပြီး အလျားပေ (၇ဝဝ) ကျော်နှင့် အမြင့် (၁၂)ပေခန့်ရှိကြောင်း သတင်းရရှိသည်။
ရှိ ရေထိန်းနံရံကို ၂ဝ၁၄ ခုနှစ်မှ စတင် ဆောက်လုပ်ခဲ့ကာ ၂ဝ၁၅ ခုနှစ် အတွင်း ပြီးစီးခဲ့ပြီး ရေထိန်းနံရံမှာ ကျောက်စီရေထိန်းနံရံဖြစ်ပြီး အလျားပေ (၇ဝဝ) ကျော်နှင့် အမြင့် (၁၂)ပေခန့်ရှိကြောင်း သတင်းရရှိသည်။
သတင်း-နိုင်လင်းကျော်(ဒလ)