မင်းဘူးရှိ အိမ်ထောင်စု ၄၃၉ စုအား ရေလွတ်ရာ ပြောင်းရွှေ့နေရာ
ချပေးမင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် ဖလ
ရုံ၊မန်းကျိုး၊ ထုံးမကြီး၊ ရွာသစ်ကုန်း ၊ ဆည်ရွာ၊ငွေသောင်၊ နိဗ္ဗာန်
ကျွန်းကျေးရွာများတွင် ဇူလိုင်လ ၁၂ ရက်မှ စတင်ကာ ဧရာဝတီ
မြစ်ရေ ဝင်ရောက်လာသောကြောင့် အနိမ့်ပိုင်းရှိ လူနေအိမ်များ ရေဝင်လျက်ရှိသဖြင့် ဇူလိုင်လ(၁၄)ရက်နေ့က မင်းဘူး/စကုမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အဖွဲ့က ရေဝင်ရောက် အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွေ့
နေရာ ချထားပေးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း
ကပြောသည်။

ဓာတ်ပုံ-တင်ရွှေ(မဇ္ဈိမ)
သတင်း-ကျာ်သက်ထွေး
သတင်း-ကျာ်သက်ထွေး