(၁) Lee Chung Ah & Lee Ki Woo
" ဖူးစာရှင် ကိုယ်လူချော " လို့လူသိများခဲ့ကြတဲ့
"Flower Boy Ramen Shop " ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆိုင်တွေဖြစ်ကြတဲ့ ဒုတိယမင်းသား လီကီဝူးနဲ့ ဇာတ်လိုက် မင်းသမီး လီချွန်အာတို့ဟာ 2011 ခုနှစ် မှာရိုက်ကွင်းမှာရင်းနှီးခဲ့ကြပြီး 2013 ခုနှစ်မှာတော့ နှစ်ဦးသားလက်တွဲနေကြောင်းကို အေဂျင်စီက အတည်ပြုပေးခဲ့ပါတယ်..
ကီဝူးက သူမကို ဖွင့်ပြောဖို့ နှစ်နှစ်ကြာအချိန်ယူခဲ့ရတယ်လို့ ပြောခဲ့ပါသေးတယ်
(၂) Nam Jun Hyuk & Lee Sung Kyung
YG Ent က မော်ဒယ်သရုပ်ဆောင် နှစ်ဦးဖြစ်ကြတဲ့ ဂျွန်ဟော့ တို့ ချစ်သူစုံတွဲကတော့ မကြာသေးမီကမှ ရိုက်ကူးခဲ့တဲ့ ."အလေးမနတ်သမီး"
" Weightlifting Kim Bok Joo" ဇာတ်လမ်းတွဲပြီးသွားတဲ့နောက် နှစ်ဦး လက်တွဲလျက်ရှိတာကို အတည်ပြုပေးခဲ့တာ့ဖြစ်ပါတယ်...
အရပ်အမောင်းကအစ လိုက်ဖက်ညီတဲ့ သူတို့နှစ်ဦးကတော့ ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက်ပိုင်းမှာလဲ မဂ္ဂဇင်းဓာတ်ပုံအချို့အတွက် အတူရိုက်ကူးခဲ့ပါသေးတယ်
(၃) Kim Bum & Moon Geun Young
The JungYi :Goddess of Fire ဇာတ်လမ်းတွဲမှာ သိကျွမ်းခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာလက်တွဲခဲ့ကြပေမယ့် Moon Geun Young တို့နှစ်ဦးဟာ တစ်နှစ်အကြာမှာတော့ တရားဝင်လမ်းခွဲပြတ်စဲခဲ့ကြပါတယ်
(၄) Lee Minho & Park Min Young
2011 ခုနှစ် City Hunter " မြို့ပြမုဆိုး" ဇာတ်လမ်းတွဲရိုက်ကူးစဉ်မှာ ရင်းနှီးခဲ့တဲ့သူတို့နှစ်ဦးကတော့ ဇာတ်လမ်းတွဲရိုက်ကူးပြီး အားလပ်ချိန်အချို့မှာ အတူတူ ရှိနေခဲ့ကြပေမယ့် တစ်နှ်အကြာမှာတော့ နှစ်ယောက်သားတွေ့ရဖို့ အချိန်တစ်ခုမပေးနိုင်တော့အထိ အလုပ်များလာတာကြောင့် လမ်းခွဲခဲ့ကြပါတယ်..
၂၀၁၅ ခုနှစ်မှာတော့ Miss A အဖွဲ့ဝင် Suzy
(Uncontrolltably Fond ဇာတ်လမ်းတွဲမှ ဇာတ်ဆောင် မင်းသမီး) နှင့် လီမင်ဟိုတို့ဟာ လက်တွဲခဲ့ကြပြီး နှစ်ဦးသားလက်ထပ်တော့မယ်လို့ သတင်းစကားအချို့လည်း ၂၀၁၆ နှစ်ကုန်ပိုင်းမှာထွက်လာခဲ့ပါသေးတယ်
(၅) Song Jun Ki & Song Hye Kyo
ဒီချစ်သူစုံတွဲကတော့ဖြင့် လောလောလတ်လတ် ကမှ " လက်ထပ်တော့မယ်" လို့ အတည်ပြုခဲ့ပြီးပရိတ်သတ်အပေါင်းကိုအံ့သြစေခဲ့တဲ့
DOTS: descendent of the Sun ဇာတ်ကားထဲမှ သရုပ်ဆောင်နှစ်ဦးပဲဖြစ်ကြပါတယ်..
ဇာတ်ကားရိုက်ကူးပြီးကတည်းက တလွင့်လွင့်ထွက်လာနေတဲ့ နှစ်ဦးသားတွဲနေပါတယ် ဆိုတဲ့ သတင်းအားလုံးကိုငြင်းပယ်ခဲ့ကြပြီး ၂၀၁၇ ယခုလမှာတော့ဖြင့် မကြာခင်မှာလက်ထပ်ပါတော့မယ်လို့
အတည်ပြုခဲ့ကြတာဖြစ်ပါတယ်...
ဆောင်းဂျွန်ကီဟာ ဖော်ရွေပြီးဂရုစိုက်တတ်တဲ့သူတစ်ယောက်ရယ်ပါလို့ ဆောင်းဟေဂျိုကပြောပြခဲ့ပါတယ်..
မနှစ်က ဆောင်းဦးမှာတော့ ဆောင်းဂျွန်ကီဟာ သူမကို ဂျပန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး သူမ ဟာငိုနေခဲ့ပါတယ်လို့ နီးစပ်တဲ့သူငယ်ချင်းတစ်ချို့က ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။
By Pan Phone Mo
ref:Koreaboo




