ဝခြင်း၏ အကျိုး​ကျေးဇူးများ


ဝခြင်း၏ အကျိုး​ကျေးဇူးများ


ယေဘူယျ အားဖြင့်​​တော့ ဝ တာဟာ မ​ကောင်းပါဘူး။ အဝလွန်​သူ တစ်​​ယောက်​ဟာ ​အထိုင်​အထ၊ သွားလာ လှုပ်​ရှားမှု​တွေ ​နှေး​ကွေး ​လေးလံတဲ့ အပြင်​ ​သွေးတိုး၊ နှလုံး၊ ဆီးချိုစတဲ့ ​နောက်​ဆက်​တွဲ ​ရောဂါ​တွေ ကိုပါ ဖိတ်​​ခေါ် ​နေသလို ဖြစ်​​နေပါတယ်​။ ဒါ့အပြင်​ ဝတဲ့ သူ​တွေဟာ အဝတ်​အစား ​ရွေးချယ်​တဲ့ အခါ နဲ့ ကိုယ့်​ကိုယ်​ကို ဆွဲ​ဆောင်​မှု ရှိ​အောင်​ ပြင်ဆင်​​တဲ့ အခါ​တွေမှာ အခက်​အခဲ ရှိကြပါတယ်​။
ဒါ​ပေမယ့်​ ဝ တာဟာ အမြဲတမ်း မ​ကောင်း တာ​တော့ မဟုတ်​ပါဘူး။ မလှုပ်​နိုင်​ မရှားနိုင်​ ​လောက်​​အောင်​ အလွန်​အကျွံ ဝ တာမျိုး မဟုတ်​ဘဲ ပုံမှန်​ သွားလာ လှုပ်​ရှားမှု ရှိသူ၊ ကိုယ်​လက်​ ​လေ့ကျင့်​ခန်း အသင့်​အတင့်​ ရှိသူ​တွေ က​တော့ ဝ ခြင်းရဲ့ အကျိုး​ကျေးဇူး ​တွေကို ရရှိပါတယ်​။ ဘယ်​လို အကျိုး ​ကျေးဇူး​တွေလဲ ဆိုရင်​ -
- ဝတဲ့ သူ​တွေဟာ သင့်​တင့်​တဲ့ ကြွက်​သား သန်​မာမှု ရှိပါတယ်​။ ဘာ​ကြောင့်​လဲ ဆိုတာ ဝတဲ့သူဟာ ပိန်​တဲ့သူထက်​ ပို​လေးတဲ့ ခန္ဓာဝန်​ကို ​နေ့စဉ်​နဲ့အမျှ သယ်​​ဆောင်​ ထားရလို့ပါ။ ​နေ့တိုင်း အ​လေးမ ​လေ့ကျင့်​ ​နေရသလို ဖြစ်​​နေတဲ့ အတွက်​ ဝတဲ့ သူ​တွေဟာ အများအားဖြင့်​ ပိန်​တဲ့ သူထက်​ ပိုမို သန်​မာပြီး အ​လေးအပင်​ မ နိုင်​စွမ်း ရှိပါတယ်​။
- ဝ တဲ့သူ တစ်​​ယောက်​ဟာ နှလုံးနဲ့ အဆုပ်​​တွေ သာမန်​ ပိန်​တဲ့လူထက်​ ပိုကြီး​လေ့ ရှိပါတယ်​။ ဒါမှသာ ခန္ဓာကိုယ်​ အတွက်​ လိုအပ်​တဲ့ ​သွေးလည်​ပတ်​မှုနဲ့ ​အောက်​ဆီဂျင်​ကို များများ ​ပေးနိုင်​မှာပါ။ (ပိန်​​ပေမယ့်​ သက်​လုံ ​ကောင်း​အောင်​ ​လေ့ကျင့်​ထားတဲ့ အားကစား သမား​တွေလည်း အလားတူ အ​ခြေအ​နေမျိုး ပိုင်​ဆိုင်​နိုင်​ ပါတယ်​)

- သ​င်္ဘော နစ်​တဲ့အချိန်​၊ အစာ​ရေစာ ငတ်​မွတ်​ ​ခေါင်းပါးတဲ့ အချိန်​၊ နှင်းမုန်​တိုင်း တိုက်​တဲ့အချိန်​ စတဲ့ ကပ်​ဆိုး​တွေ ကြုံတဲ့အခါ ဝတဲ့ သူ​တွေက ပိန်​တဲ့သူထက်​ အသက်​ရှင်​ ကျန်​ခဲ့ဖို့ အခွင့်​အလမ်း ပိုများပါတယ်​။
- ဝ တဲ့သူရဲ့ ခန္ဓာကိုယ်​ဟာ ပင်​လယ်​၊ ​ရေကန်​ စတဲ့ ​ရေ​သေ​တွေမှာ ​ရေ​ပေါ်မှာ ကြာကြာ ပို​ပေါ်ပြီး ​ပိန်​တဲ့သူထက်​ ရေနစ်​ဖို့ အခွင့်​အလမ်း ပိုနည်း ပါတယ်​။ (​ရေငုပ်​တဲ့ အချိန်​မှာ​တော့ ဝ တဲ့သူ​တွေ ဒုက္ခ ​ရောက်​တတ်​ ပါတယ်​)
- ဝတဲ့ သူ​တွေဟာ ခန္ဓာကိုယ်​ ထဲမှာ စွမ်းအင်​ အပို​တွေ အများကြီး သို​လှောင်​ ထားတဲ့အတွက်​ နာမကျန်း ဖြစ်​ရင်​ မြန်​မြန်​ နလန်​ပြန်​ထ ပါတယ်​။ ကင်​ဆာနဲ့ အလား သဏ္ဍာန်​ တူတဲ့ တစ်​ချို့ ​ရောဂါ​တွေ ဆိုရင်​ ဝရာက​နေ ပိန်​သွားမှ လက္ခဏာ စပြတတ်​ ပါတယ်​။

- ဝတဲ့ သူ​တွေဟာ ယာဉ်​တိုက်​မှုလို တစ်​စုံ တစ်​ခုက အရှိန်​ ခပ်​ပြင်းပြင်းနဲ့ ဝင်​တိုက်​မိတဲ့ ဖြစ်​ရပ်​​တွေမှာ ပိန်​တဲ့ သူ​တွေထက်​ ထိခိုက်​ ဒဏ်​ရာ ရရှိမှု ပိုနည်းပါတယ်​။
- ဝ တဲ့ သူ​တွေဟာ စက်​ဘီး၊ ဆိုင်​ကယ်​၊ စကိတ်​တို့လို ဟန်​ချက်​ ထိန်းရတဲ့ ပစ္စည်း​တွေ စီးနင်းရာမှာ ပိုမို လွယ်​ကူသလို နပမ်းလို တွန်းတိုက်​ ကစားရတဲ့ အားကစား နည်း​တွေ မှာလည်း အားသာပါတယ်​။ ​ရေစီးသန်​တဲ့ မြစ်​ကို ဖြတ်​ကူးတာမျိုး၊ ​လေပြင်းတိုက်​တဲ့ အချိန်​မှာ လမ်း​လျှောက်​ တာမျိုး​တွေကို ဝတဲ့သူ​တွေက ပိုလုပ်​နိုင်​ပါတယ်​။
- ဝတဲ့ သူ​တွေဟာ အိပ်​ယာ​ပေါ် မှာလည်း သာမန်​ ပိန်​တဲ့ သူ​တွေထက်​ ပိုစွမ်းပါတယ်​။ ပျမ်းမျှ အားဖြင့်​ ဝတဲ့ အမျိုးသားတွေဟာ ပိန်​တဲ့သူထက်​ ၇ ဒသမ ၃ မိနစ်​ခန့် ​ချစ်​တင်း​နှောချိန်​ ပိုကြာ​အောင်​ ထိန်းထား နိုင်​ပါတယ်​။

-

ဥ​ရောပမှာ လွန်​ခဲ့တဲ့ နှစ်​တစ်​ရာ ​လောက်​က ဆိုရင်​ ဝတဲ့ သူ​တွေကို ကျန်းမာပြီး ချမ်းသာ ကြွယ်​ဝတဲ့ သူ​တွေ အဖြစ်​ ယူဆကြပါတယ်​။ အမျိုးသမီး ​တွေဟာ သူတို့ရဲ့ အားကိုး​လောက်​ဖွယ်​ အိမ်​​ထောင်​ဖက်​ကို ​ရွေးချယ်​ရာမှာ ဝတဲ့ သူ​တွေကို ဦးစား​ပေး ​ရွေးချယ်​ ကြပါတယ်​။

Credit to Ko Zin Thaw Naing

Previous
Next Post »