၁) သွေးလွန်တုပ်ကွေး
မြန်မာနိုင်ငံရဲ့စိုစွတ်ချုံထူလေ့ရှိတဲ့ ပတ်ဝန်းကျင်ကြောင့် မိုးတွင်းကာလမှာသွေးလွန်တုပ်ကွေးကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုတွေ များလာရပါတယ်..
သွေးလွန်တုပ်ကွေးဖြစ်ရင် ရိုးရိုးဖျားနာတာနဲ့ အထင်မှားကြတဲ့အတွက် အချိန်မီမကုသနိုင်ဘဲ
လက်လွှတ်လိုက်ရတာမျိုးတွေရှိလာနေပါတယ်
သွေးလွန်တုပ်ကွေးအတွက် သတိထားစရာ လက္ခဏာများ
-အဖျားကြီးခြင်း
-နှုံးခြင်း
-ကိုယ်ခန္ဓာ အနှံ့အနီစက်များထွက်လာခြင်း
-ကော်ဖီရောင်ဝမ်းသွားခြင်း
-အညိုရောင်အန်ခြင်း
-သတိလစ်ခြင်း
-တက်ခြင်း
သွေးလွန်တုပ်ကွေး ဖြစ်မှန်းသိရလျှင်တော့ ဆေးရုံတင်သင့်ပါတယ်
သွေးလွန်တုပ်ကွေးမှန်းသိလျှင်သိချင်း ဆေးရုံတတ်ဖို့အကြုံပြုလိုပါတယ်..
အဓိကကတော့ သွေးလွန်တုပ်ကွေးမှန်းမသိဘဲ ဆေးထိုးဆေးသောက်လုပ်ခဲ့လျှင် အခန့်မသငိ့ပါက
သတိလစ်တတ်ပြီးအသက်ဆုံးပါးတတ်ပါတယ်
သွေးလွန်တုပ်ကွေးဖြစ်ပါက ဓာတ်ဆားမှန်မှန်သောက်ပါ..
သွေးလွန်တုပ်ကွေးဟာ တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခေါက်ထပ်ဖြစ်တတ်တာမို့...
ခြင်ဆေးထွန်းပါ
အင်္ကျီရှည်ဘောင်းဘီရှည်ဝတ်ပါ
ကျောင်းနေကအရွယ်ကလေးငယ်တွေ ချောင်ကျတဲ့နေရာတွေ ချုံထူတဲ့နေရာတွေ
မှာ မဆော့သင့်ပါဘူး
ညဘက်အိပ်လျှင်ခြင်ထောင်နဲ့အိပ်သင့်ပါတယ်
*သွေးလွန်တုပ်ကွေးဖြစ်လျှင် တစ်ပတ်အတွင်းမှာပဲ
ရောဂါတိုးလာတတ်တာကြောင့် မိမိကလေးငယ်များ အဖျားကြီးပြီး တစ်ချိန်လုံးနှုံးခွေအိပ်နေလျှင်
သတိထားစောင့်ကြည့်ကြဖို့ အကြံပြုလိုပါတယ်
၂)၀မ်းပျက်ဝမ်းလျှော ရောဂါ
မိုးရာသီကာလမှာ ဖြစ်နိုင်လျှင်တော့ လမ်းဘေးစာတွေကိုတတ်နိုင်သမျှ ရှောင်စေလိုပါတယ်..
အဖုံးအကာအုပ်မထားတဲ့ အသုပ်စုံ အသီးစတာတွေကို မစားသင့်ပါဘူး..
ချောင်းရေ ရေတွင်းကရေကိုသောက်သုံးမယ်ဆို
ကျိုချက်ပြီးမှသောက်သင့်ပါတယ်
၃) တုပ်ကွေး
မိုးရေတစိစိ စိုရင်းမကြာခဏဖျားနာတတ်ကြပါတယ်..
နှာစီး ချောင်းဆိုးအဖြစ်များတဲ့အချိန်မျိုးမှာ
လေထုထဲပိုးမွှားတွေ ပုံမှန်ထက်များလာတတ်တဲ့အတွက် လူအုပ်ကြားထဲသွားလာရမယ်ဆို
တစ်သျူး လက်ကိုက်ပုဝါmask တစ်ခုခုဆောင်သွားသင့်ပါတယ်
မိမိကိုယ်တိုင်လည်းဖျားနာနေလျှင်တစ်ပါးသူဆီမကုးစက်ဖို့အတွက် အထူးသဖြင့်းအလုံပိတ် အဲယားကွန်းအခန်းတွေမှာအလုပ်လုပ်ကြတဲ့သူများ mask မဖြစ်မနေအုပ်သင့်ပါတယ်
နှာစီးချောင်းဆိုးဖြစ်လာခဲ့လျှင်Vitamin C
များများစားပေးခြက်းအားဖြင့်ကိုယ်ခံအားပြန်လည်တက်လာစေပြီး မြန်မြန်ပျောက်ကင်းနိုင်ကြောင်းအကြုံပြုချင်ပါတယ်
၎) သွေးတိုး နှလုံး လေဖြတ်ခြင်း
မိုးရာသီရဲ့ရာသီစာတွေဖြစ်ကြတဲ့ ဒူးရင်းသီး ဒညင်းသီးပေါတဲ့အချိန်မှာ သတိထားစရာနောက်ဆက်တွဲက သွေးတိုးလေဖြတ်ခြင်းပါပဲ..
လူကြီးသူမများ..ရေအေးမကြာခဏမကိုင်သင့်ပါ
ရေစိုနေသော အ၀တ်အထည်များကို လဲလှယ်ဝတ်ဆင်ပါ
ညညဥ့်နက်ရေချိုးတတ်လျှင်သတိထားပါ
ရင်ပြည့်စေတဲ့အစားအစာမျိုးတွေတတ်နိုင်သလောက်ရှောင်ပါ..
ပူပူနွေးနွေးအစားအသောက် များစားပေးပါ
၅) မြွေ အန္တရာယ်
မြွေပေါက်ခံရမှန်းသိလျှင် နီးစပ်ရာဆေးရုံကိုအမြန်သွားပါ
အနာကိုမီးစနဲ့ထိုးတာမျိုး
ဖိတာ ကုတ်ခြစ်တာမျိုးမလုပ်ပါနဲ့
ရေသန့်သန့်နဲ့ဆေးပြီး ကိုက်ခံရတဲ့နေရာကို အလှုပ်အရှားမပြုဘဲ ဆေးရုံကိုသာမြန်မြန်သွားပါ။
Pan Phone Mo
