ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးတောင် ပေါ်သို့ ကေဘယ်ကား (ကောင်း ကင်ကြိုးရထား)ကို အောက်တို ဘာ ပထမပတ်တွင် စတင်ပြေးဆွဲ မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ် သည့် Sky Asia ကုမ္ပဏီလီမိတက် မှ သတင်းရရှိသည်။
ကေဘယ်ကား စီမံကိန်း သည် ဇူလိုင် ၃ ရက်အထိ ၈၀ ရာ ခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ ဘုရားပွဲ ကာလ သီတင်းကျွတ်လပြည့်နေ့ အမီ ပြီးစီးမည်ဟု Sky Asia ကုမ္ပဏီ လီမိတက်မှ စီမံကိန်း ဒါရိုက်တာ ကိုရီးယားနိုင်ငံသား Mr.Han Jung Seuk က ဆိုသည်။
‘‘အမှန်တကယ်တော့ ဧပြီ ကတည်းက ပြေးဆွဲဖို့ပါပဲ။ ပြင် သစ်နိုင်ငံက ပစ္စည်းရောက်နောက် ကျတာရယ်။ ရာသီဥတုကြောင့် လုပ်ငန်း နှောင့်နှေးသွားတယ်။ အခုတပ်ဆင်မယ့် ကြိုးတွေလည်း ရောက်ပြီ။ ပြေးဆွဲမယ့် လူစီးတွဲ တွေလည်း ရောက်ပြီ။ တပ်ဆင် ပြီးရင် စမ်းသပ်ပြေးဆွဲမယ်။ အောက်တိုဘာလ ပထမအပတ် လောက်မှာ စတင်ပြေးဆွဲသွား မယ်’’ဟု Mr.Han Jung Seuk က ပြောသည်။
ကေဘယ်ကားစီးသည့်ဘုရားဖူးများအတွက် အသက် အာမခံကို IKBZ နှင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ကေဘယ်ကားစီးခကို နိုင်ငံခြားသား တစ်ဦးလျှင် ငါးဒေါ်လာသတ်မှတ်ထားပြီး မြန်မာနိုင်ငံ
သားတစ်ဦးလျှင် ယခင်သုံးထောင်ကျပ် သတ်မှတ်ထားသော်လည်း အသက်အာမခံကြေးပါကောက်ခံမည်ဖြစ်၍ အသက်သာဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းကဆိုသည်။
ကေဘယ်ကားအစီးရေ ၄၃ စီးနှင့် အရန်တစ်စီးပြေးဆွဲမည်ဖြစ် ကာ ထိုစီမံကိန်းကို ကန်ဒေါ် လာ သန်း ၂၀ အထိအကုန်ကျခံ တည် ဆောက်ပြီး ကေဘယ်ကားနှင့်ဆက်စပ်ပစ္စည်းများကို ပြင်သစ်မှ တင်သွင်းထားသည်။
=====
7Day