အစ်မတော် မြနန်းနွယ် သီလရှင်ဝတ်လေပြီ

ဘုရားသမီးတော်တို့သမိုင်း
ရိုင်းနေပြီလား
****************************


ဒီနေ့ ညနေ ဘာသတင်းထူးမလဲဆိုပြီး
လိုင်းဖွင့်ကြည့်လိုက်သည်။မြင်လိုင်ရသောမြင်ကွင်းက ရင်ကိုဆို့နစ်သွားစေသည်။
ဘုရား-- ဘုရား --- အမတော် မြနန်းနွယ်
သာသနဘောင်သို့ သီလရှင်အဖြစ်နဲ့
ဝင်ရောက်သည် ဆိုပါလား အစပထမ တော့
ဒကာမတစ်ဦးကို ဆံချပေးနေသည်ဟုထင်မိသည် သေသေခြာခြာ ကြည့်တော့မှ မြနန်းနွယ်ရုပ်တုကို သီလရှင်ဆရာကြီးများကနေ ဆံချပေး၍သီလရှင် ဝတ်ပေးနေကြသည်။


မိမိအထင်ပြောရလျင် ဒကာ ဒကာမများက လာရောက်လျှောက်ထား
သဖြင့် ပြု လုပ်ရခြင်းဖြစ်လိမ့်မည်ဟု
ထင်မြင်မိသည် မည်သို့ပင်ဖြစ်စေ
ထေရဝါဒရှုဒေါင့်ကကြည့်လျင် ကောင်းကျိုး
ထက် ဆိုးကျိုးကသာ များပါလိမ့်မည်
သီလရှင်ဆရာလေး ဆရာကြီးများသည်
ပရိယတ္တိစာပေ ဗဟုသုတ မရှိပေ၍လော
ဘာ့ကြောင့်လုပ်ရပါသနည်း ဆင်ခြင်စဉ်းစားသင့်ပါသည်။
မိမိနားမလည်ပါက ပညာရှိဆရာတော်များထံ လုပ်သင့် မလုပ်သင့် မေးမြန်းလျှောက်ထားသင့်ပါသည်
ဤကိစ္စကား ပေါ့ပေါ့သေးသေးမဟုတ်
တစ်သာသနာလုံးအတွက် အရေးကြီးလှသည် နောက်လူတွေ
အတုယူပြီးလုပ်လာနိုင်သည် အယူမှားပြီး
သာသနာကွယ်ဖို့ အကြောင်းတစ်ခုပင်ဖြစ်သွားရသည်ဟု ဆိုနိုင်သည်။
ကြာလာပါက ပန်းဘဲ မောင့်တင့်တယ်
မင်းကြီးမင်းလေး ရွှေဖျင်းညီနောင် ဦးရှင်ကြီး
စသော ၃၇ မင်းများ ရဟန်းဝတ်လာနိုင်သည်
မနှဲလေးအမေဂျမ်း ပုပ္ပါးမယ်တော် သူရဿ တီ တို့လည်း
သာသနာ့ဘောင် ဝင်လာနိုင်သည်။
ဒါတင်မက လူသားရဟန်းသံဃာများကို
ဆွမ်းစားပင့်သလို သူတို့ကိုလည်း
ဆွမ်းစားပင့်လာကြလိမ့်မည် အလှူ ပွဲ
ဝါဆိုပွဲ ကထိန်ပွဲ သားရှင်ပြု သမီးနားသ
အလှူ မှန်သမျှ သူတို့လည်းပါဝင်လာလိမ့်မည်
သူတို့အတွက် ဆွမ်းဝိုင်းတစ်ဝိုင်း သီးသန့်
့ပြင်ဆင်လာကြလိမ့်မည်ထိုအခါ ပရိယတ် ပဋိပတ် ဝန်ဆောင်
ဘုရားသားတော် သံဃာတော်များ သမီးတော် သီလရှင်များ နေရာတဖြည်းဖြည်းပျောက်ကာ သာသနာကွယ်လိမ့်မည် အိမ်ဦးခန်းမှာဆရာတော် သံဃာတော်ပုံများပျောက်၃၇ မင်း ရဟန်း သီလရှင်တွေရောက်လာလိမ့်မည်
သာသနာတော်မြတ်ကြီးလည်းမြန်မာပြည်မှာပျောက် ပြည်ပနိုင်ငံများသို့
ရောက်ရှိသွားလိမ့်မည် မြတ်ဗုဒ္ဓသာသနာကို နိုင်ငံခြားတိုင်းပြည်များက ယုံကြည်လေးစား
နေသလောက် မြန်မာပြည်က မှတ်ပုံတင် ဗုဒ္ဓဘာသာဝင်များကတော့ တောင်ပြုံးမှာ
တရုံးရုံး အယူမှားတုံးပင်။


နဂိုက ကိုးကွယ်မှုအမှား တွေမှိုလိုပေါက်နေရတဲ့အထဲ ဒီလိုဘုရားသမီးတော်သီလရှင်တွေကဦးဆောင်မှားယွင်းနေပါကအနာဂါတ်သာသနာ ရင်လေးစရာပင်ဖြစ်ပါသည်။



မြတ်ဗုဒ္ဓသာသနာတော်သည်ပြင်ပ ဘာသာခြားအန္တရာယ် များနေရတဲ့အထဲ အတွင်းသာသနာကိုလည်း လှိုက်စားခြင်းခံနေရသည်အမှန်က အမတော်မြနန်းနွယ် ၃၇ မင်းစသည်များ တကယ်ရှိသည့်တိုင်သူတို့အားမေတ္တာမို့ပေးခြင်း သူတို့အတွက်ကုသိုလ်ပြု ၍ အမျှပေးဝေခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည် သူတို့သည့်လူ့ထက်နိမ့်ကျပါသည် မြင့်မြတ်သောလူသားက ပြိတ္တာအနွယ်ဝင်များအား ရှိခိုးရိုသေ ကိုးကွယ်နေခြင်းသည် အံသြဖွယ်ကောင်းပေစွာ့ ဒါတင်မကသာသနာ့ဘောင်ကိုပါ ပေးသွင်းလိုက်ခြင်းသည် မြန်မာဗုဒ္ဓဘာသာဝင်တချို့ လောက်အူကြောင်ကြောင်နိုင်သော အသိဥာဏ်ကင်းသောသူ ကမ္ဘာမှာမရှိတော့။ 
မရှိတာထက် မသိတာခက်သလို ရှိပြီး မသိရင်လည်း ဘာမှမူးခြားပေလူသည်အကြောက်တရား
နှင့် လိုခြင်မှုလောဘများကိုအခြေခံကာကိုးကွယ်မှုများ အပြုအမှုများမှားယွင်းတတ်ကြသည်
ကုန်ရှုံးလျင်တစ်ခေါက်သာ နောက်တစ်ခေါက်မှာ ပြန်ရနိုင်သည်။

ကိုးကွယ်မှုမှားလျင်တော့ တသံသရာလုံးမှောက်တော့မည်မြန်မာပြည်ဆင်းရဲနေသည်မှာလည်းဤကဲ့သို့သောအူကြောင်ကြောင်လုပ်ရပ်များကိုးကွယ်မှုအမှားများ ရှေးရိုးအစွဲအလမ်းများ စသည်တို့ကြောင့်လည်းပါသည်။

မြန်မာလူမျိုးတော်များများသည် သူများလုပ်လျင်လိုက်လုပ်သည် ယုံလွယ်သည် စာပေဗဟုသုတ အားနည်းသည် တရားနာမှု အားနည်းသည်ဒါတောင် ဆရာတော် သံဃာတော်တွေကဟောပြောပို့ချနေလို့တော်သေးသည် ဒီလို အပြုအမူလုပ်ရပ်တွေမှားလို့လည်း ကပ်ဆိုက်နေသည်သာသနာ့ဝန်ထမ်း ရဟန်း သီလရှင်များသည်ပရိယတ်မတတ်သော လူဒကာ ဒကာမများကို အကြောင်း အကျိုးးအကောင်းအဆိုး အမှားအမှန်ကို ညွှန်ပြနိုင်ရမည် ။ ခေါင်က စပျက်လျင်နောက်လိုက်ကလည်း ပျက်ဖို့ကျိန်းသေပါသည် ထို့ကြောင့်မျက်စိကိုဖွင့်နားကိုစွင့်ကာ သာသနာမပြုခြင်နေပါ ကွယ်အောင်တော့မလုပ်မိပါစေရန်စေတနာ့ဖြင့် အကြံပြု ပါသည်။

ထေရဝါဒ ဘိက္ခု

Credit to - ဗုဒ္ဓ သားတော်

Previous
Next Post »