ပေးကမ်းစွန့်ကြဲမှုများဖြင့်နာမည်ကြီးသော စိုးလျှပ်စစ် ဥက္ကဌ ဦးစိုးတင့် ကွယ်လွန်ပြီ။

ပျဉ်းမနားမြို့မှ စိုးလျှပ်စစ်ဥက္ကဌ ဦးစိုးတင့်သည် ယနေ့ ဇူလိုင်လ၊ ၁၆ ရက်နေ့၊ နံနက် ၁၀နာရီ၊ ၁၀ မိနစ်တွင် ကွယ်လွန်သွားပြီဟု အွန်လိုင်းသတင်းများတွင် အခိုင်အမာရေးသားကြသည်။



သူသည် ဆင်းရဲမွဲတေသူများကို ရက်ရက်ရောရော ပေးကမ်းမှုများ ပြုလုပ်ခဲ့ပြီး။ တစ်နိုင်ငံလုံး လူသိများသူလည်းဖြစ်သည်။ သောက်သုံးရေမရှိသော ကျေးလက်ရွာများတွင်း စက်ရေတွင်းများ တူလှူခဲ့သည်။ ပျဉ်းမနားတစ်မြို့နယ်လုံးနှင့် အခြားနေရာများတွင်ပါ လိုအပ်သည်များကို သိန်းထောင်၊ သောင်းပေါင်းများစွာ ကုန်ကျခံလှူဒါန်းခဲ့သည်။ စာသင်ကျောင်းဆောင်ကြီးများ ဆောက်လုပ်လှူဒါန်းခဲ့သည်။

ပျဉ်းမနားမြို့ရှိ လက်လုပ်လက်စား ဆိုက်ကားသမား ဦးရေ ၁၀၀၀ ခန့်အား တစ်ဦးလျှင် တစ်သိန်းစီ လှူဒါန်းခြင်း၊ လမ်းဘေးဈေးသည် ဦးရေ ရာပေါင်းများစွာအား တစ်ဦးလျှင် တစ်သိန်းစီ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခြင်း၊ ပျဉ်းမနားမြို့ပေါ်ရှိ ဓမ္မာရုံ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အစရှိသော အမှန်တကယ် လိုအပ်သော နေရာများကို ရက်ရက်ရောရော လှူဒါန်းခဲ့သည်။


Facebook သုံးစွဲသူများစွာကလည်း ကောင်းရာသုဂတိ ရောက်ရှိပါစေ စသည်ဖြင့် ဆုတောင်းမှုများ ပြုလုပ်ပေးကြသည်။
ဦးဗိတ် အကောင့်ပိုင်ရှင် Facebook သုံးစွဲသူတစ်ဦးက 
”ပျဉ်းမနားတစ်မြို့လုံး သာဓုခေါ်သံတွေဖုံးလွှမ်းလောက်အောင်. . .
သြချရလောက်အောင်…. လှူနိုင်တဲ့
ဥက္ကဌကြီး ဦးစိုးတင့် (စိုးလျှပ်စစ်)
ယနေ့ 16.7.2017 နံနက်(၁၀:၁၀)နာရီအချိန်က
ကွယ်လွန်သွားပြီ 😪 ပျဉ်းမနားဝန်းကျင်က လက်လုပ်လက်စား
လူတန်းစားများအတွက် ကြီးမားသောဆုံးရှုံးမှုပါ ”
ဟု ရေးသား ထားသည်။


ဦးစိုးတင့်သည် သာမန်ပရဟိတသမား တစ်ဦးသက်သက်မဟုတ်ပဲ အမှန်တကယ်လိုအပ်သောနေရာများကို သေချာလေ့လာ စာရင်းကောက်ကာ မကျန်းမာသော်လည်း ကိုယ်တိုင်လက်ဖြင့် သဟတ္ထိက၊ ကာလဒါနဖြစ်အောင် စေတနာသုံးတန်ပြဌာန်းကာ လှူဒါန်းသည်ဖြစ်သည်။ ခေတ်သစ် ဝေဿန္တာရာဟုပင် အချို့က တင်စားကြသည်။





Credit# PannPwint
Previous
Next Post »