အလောင်းစည်သူမင်းကမှူးမတ်စုံတဲ့ညီလာခံမှာ လက်ရုံးဆန့်တန်းလိုက်တယ်။
မင်းကြီးက အသက်ကြီးပြီဆိုတော့ လက်ပျဉ်းတွဲကျတာကို မြင်တဲ့ မှူးမတ်နဲ့
စစ်သူကြီးတွေက ခိုးခိုးခစ်ခစ် ကြိတ်ရယ်တာပေါ့။
အလောင်းစည်သူ သိတော့ တင်းပါလေ ရော။ အဲဒါနဲ့ တူရွင်းတောင်ခြေမှာ ဦးပေါင်း ကျားနဲ့ လူဆိုးသောင်းကျန်းနေတယ်။ သွား နှိမ်နင်းချေ ဆိုပြီးအမိန့်ပေးတာပေါ့။
မှူးမတ် စစ်သူကြီးတွေလည်း ညီလာခံက ထွက်တော့ တစ်ယောက်နဲ့တစ်ယောက်
လက်ကုတ်ပြီးရယ်ကြပြန်ရော။ တိုင်းပြည်အကြောင်းဒီလောက်သိနေတဲ့ သူတွေ ဘုရင်တော့ ဖိန့်ပြီ ဆိုတာသိတာပေါ့။
ဒါပေမယ့် ဘုရင့်အမိန့်လေ သိတယ်မှလား ခပ်တည်တည်ဘဲ။ နောက်တစ်နေ့ မှူးမတ် တွေရော စစ်သူကြီးတွေပါ တူရွင်းတောင် ခြေကို လူဆိုးဖမ်းဖို့ သွားကြတယ်။
ဟိုရောက်တော့ တွေ့ပါပြီဗျာ။ ဦးပေါင်း ကျားနဲ့ မြင်းကျားကြီးစီးလို့ ဓားရေးပြနေတာ။
ဆိုတော့ဗျာ။ ဒီလောက်ဘုရင်နဲ့ အမြဲ ထိတွေ့ ဆက်ဆံနေတဲ့ မှူးမတ် စစ်သူကြီး တွေလေ ။
ဘုရင် ရုပ်ဖျက် ထားမှန်းသိတာ ပေါ့။ ဘုရင်ဘာကြိုက်တတ်လည်း သိတယ်။
အဲဒီတော့ အချင်းချင်းတိုင်ပင်ပြီး ဘုရင်ကို အလျော့ပေး ရုပ်ရှင်ရိုက်ကြတယ်။
ဓားခုတ်တာလည်း မထိအောင် ချော်ခုတ်တာပေါ့ဗျာ။ တကယ်သာခုတ် အဲဒီ့ ဘုရင် အီတွန့်ပွန်သွားလို့ ၁၀တန်းမြန်မာစာ စကားပြေထဲ ဦးပေါင်းကျားနဲ့ မြင်းကျားရှင် ဆိုပြီးပါလာမှာ မဟုတ်တော့ဘူး။
(အဲဒါဆို တစ်ပုဒ် ကျက်ရ သက်သာလည်း နဲတာ မှတ်လို့):-P :-P
တကယ်သာခုတ်ကြည့်ပါလား။ အဲ့ဒီဘုရင်က superman လည်းမဟုတ် spiderman လည်းမဟုတ်။ တရုတ်ကား ထဲက သိုင်းသမားလည်းမဟုတ်။:-D :-D
နောက်တစ်နေ့ ညီလာခံ ကြတော့ ဘုရင် ကမေးတယ်။ " ဘယ်လိုလဲ ဦးပေါင်းကျား နဲ့ မြင်းကျားရှင်မိလား"
အဲဒီတော့ အားလုံးက တိုင်ပင်ထားတဲ့ အတိုင်း " မှန်လှပါ လူမက နတ်ဘီလူးတမျှ စွမ်းလှ ပါသည်ဘုရား ကျနော်မျိုးတို့ မျှမက တတိုင်းပြည်လုံးက ရဲမက် ဗိုလ်ပါများ ဝိုင်း ဖမ်းတောင်မမိပါဘုရား"
ဒီလို ပြန်လျှောက်တော့ ဘုရင်က ရွှေဘောတော်ကျတာပေါ့။ အဲဒီမှာ "ငါမအို
သေး "ဘာညာ ထကြွေးကြော်တာ။
ခင်ဗျားတို့စဉ်းစားကြည့်လေ ။ အဲဒါ ဘုရင် ကို ဝိုင်းပြီးဂျင်းထည့်တာ ဟုတ်မဟုတ်။
ရှေးက လူတွေလည်းဂျင်းထည့်ကျွမ်းပါ တယ်ဆို။
ဟိုအရင် အစိုးရခေတ်တွေကလည်း လူကြီး လမ်းကြောင်းရှိပြီဆို ဆေးသုတ်လိုက် ထုံးသုတ်ပြလိုက် တိုင်းပြည်သန့်ရှင်းသာယာ စည်ပင် ချမ်းသာနေ သယောင် ပြပြီး အထက်လူကြီးတွေကို ဝိုင်းဂျင်းထည့်ကြတာ။ ဟိုးအရင်ခေတ်တွေ ကပြောပါတယ်။ဟဲဟဲ!!!
အဲ့တော့ မြန်မာပြည်ဘာဖြစ်သလဲ။ သိတော်မူကြတဲ့အတိုင်းပေါ့။
(အထက်လူကြီးများ ဂျင်းထည့်မခံရစေ ရန်အလင်းပြသီ ဟီဟိ။)
ခရက်ဒစ်- Moe Kaung
