ပိုက်ဆံ ၂၀၀ တည်းနဲ့ အင်းစိန်ထောင်ထဲကို အလည်သွားကြမယ်။

ပိုက်ဆံ ၂၀၀ တည်းနဲ့ အင်းစိန်ထောင်ထဲကို အလည်သွားကြမယ်။
---------------------------------------------
အခု ကျွန်တော် Review ရေးပေးမှာကတော့ မြန်မာပြည်မှာ နာမည်ကြီး အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ အင်းစိန်ထောင်ကို ငွေကြေးအကုန်အကျ နည်းနည်းနဲ့ အလည်သွားနိုင်အောင်ပါ။
အင်းစိန်ထောင်ကို သွားလည်တော့မယ်ဆိုရင် ပထမဆုံး ပိုက်ဆံ ၂၀၀ ယူပါ။
ပြီးရင် လူကြပ်တဲ့ YBS ကားတစ်စီးပေါ် တက်စီးပါ။
(ကားတိုက်လို့မာလကီးယားရင်တော့ ဆောတီးပါ) 😛😛😛


ကားပေါ်ရောက်ရင် ခရီးသည်တစ်ယောက်ဆီက ပိုက်ဆံအိတ်ကို အတင်းဆွဲလုပါ။
မကြာခင်မှာပဲ သင်ဟာ အနီးဆုံး ရဲစခန်းကို အမြန်ဆုံး ရောက်သွားပါလိမ့်မယ်။
ရဲစခန်းမှာ ခဏနားပေါ့၊ ပြီးရင် တရားရုံးမှာ အင်းစိန်ထောင်ဝင်ခွင့် လျှောက်ထားရမှာပါ။
တရားရုံးရောက်ပြီး ခါးပိုက်နှိုက်မှုနဲ့ ထောင်ထဲဝင်ဖို့ ပါမစ်ရရင် အင်းစိန်ထောင်ကို ရောက်ဖို့ လမ်းစတင်ပါပြီ။
ကူညီပါရစေ ဆိုတဲ့ ဦးရဲကြီးတွေဟာ သင့်ကို အချုပ်ကားပြာကြီးထဲထည့်ပြီး အင်းစိန်ထောင်ကို ကားခ အခမဲ့ လိုက်ပို့ပေးပါလိမ့်မယ်။
အေးအေး သက်သာ လိုက်သွားပါ။
ကားပေါ်မှာ တစ်ရေးတစ်မော အိပ်ချင်လဲ ရပါသေးတယ်။
အင်းစိန်ထောင်ရောက်ပြီဆိုတာနဲ့ ပထမဆုံးမြင်ရမှာက ထောင်ဘူးဝ လို့ခေါ်တဲ့ တံခါးပေါက် နီနီကြီးပါ။
သင့်ကို လာပါ လာပါ လို့ပြောပြီး ကြိုဆို နေသလိုပါပဲ။
ထောင်ဘူးဝကို ဖြတ်ပြီး ထောင်ထဲစရောက်တာနဲ့
ထောင်ဝါဒါတွေနဲ့ တာဝန်ရှိသူတွေက သင့်ကို ပုံစံထိုင်ခိုင်းပါလိမ့်မယ်။
ဒါက သူ့နေရာ သူ့ဓလေ့ဆိုတော့ မထူးဆန်းပါဘူး။
ရောမရောက်ရင် ရောမလိုကျင့်ရမှာပေါ့နော။
လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက်တွေကို ထောင်မန်နေဂျာက စီစဉ်ပြီးတာနဲ့ သင်နေထိုင်ဖို့ အခန်းကို လိုက်ပြပါလိမ့်မယ်။
Single room တော့မဟုတ်ပါဘူး၊ Duos room ဖြစ်ဖို့များပါတယ်။
အခန်းထဲမှာတော့ အိမ်သာပါပြီးသားပါ။
ရေချိုးခန်းကတော့ ထောင်မှာနေထိုင်တဲ့ တခြားလူတွေနဲ့ အတူ ရေချိုးရမှာပါ။
အိပ်ဖို့အတွက်ကတော့ စောင် ၂ ထည် လောက်ယူလာသင့်ပါတယ်။
မိုးရာသီဆိုတော့ နည်းနည်းအေးတယ်လေ။
နောက်တစ်ခု ပြောပြမှာကတော့ အစားအသောက်ပါ။
ထောင်ထဲမှာက ထမင်းအလကားကျွေးပါတယ်။
တစ်နေ့ ၂ နပ်ပါ။ နေ့လည်စာနဲ့ ညစာပေါ့
မနက်စာကိုတော့ ယာဂုလိုလို ဆန်ပြုတ်လိုလို သောက်စရာတစ်ခုတိုက်ပါတယ်။
တကယ်လို့ ငါးပိကြော်ကြိုက်ရင်တော့ အထဲမှာ စားဖို့ ငပိကြော် တစ်ဗူးလောက် လိုရမယ်ရ ယူသွားသင့်ပါတယ်။

ဆေးလိပ်သောက်တတ်ရင် ဖက်ကြမ်းတွေ အစည်းလိုက်ဝယ်သွားပါ။
ကော်ဖီထုပ်တွေလဲ ဆောင်သွားသင့်ပါတယ်။
အထဲမှာက ပိုက်ဆံပေးမကိုင်ဘူးလေ
ဆေးလိပ်၊ ကော်ဖီထုပ် အဲဒါတွေနဲ့ပဲ trade လုပ်ကြရတာပေါ့။
အထဲမှာရောက်နေရင် ဖုန်းတွေ ကွန်ပြူတာတွေ ပေးမသုံးပါဘူး။ 😬😬😬
Selfie ဆွဲပြီး facebook ပှောတင်လို့မရဘူးပော့နှော။ 😩😩😩
အဲဒါလေးတစ်ခုကတော့ သိပ်အဆင်မပြေဘူးပေါ့နော်။
စာအုပ်တွေ၊ သတင်းစာ၊ ဂျာနယ်တွေတော့ ဖတ်ခွင့်ရှိပါတယ်။
လိုအပ်တာတွေရှိရင် ကိုယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊မိဘတွေနဲ့ တစ်ပတ်တစ်ခါ ထောင်ဝင်စာ လာတွေ့တဲ့ အချိန် မှာယူလိုက်လို့ရပါတယ်။
တစ်ခုသတိပြုရမှာက ထောင်ကခွင့်ပြုတဲ့ ပစ္စည်းတွေပဲ မှာလို့ရမှာနော်၊ ခွင့်မပြုထားတာတွေ မှာလို့ ပါလာရင် ထောင်အရာရှိတွေက သိမ်းထားပေးမှာပါ။
နိုင်ငံရေးအမှုနဲ့ ထောင်ထဲရောက်လာတဲ့ လူတွေနဲ့လဲ နိုင်ငံရေး ဆွေးနွေးနိုင်သလို နှစ်ကြီးအကျဉ်းသားကြီးတွေရဲ့ ထောင်ဝင်ဇာတ်လမ်းတွေကိုလဲ အဝနားထောင်နိုင်ပါသေးတယ်။
ပြီးတော့ သင်သာကံကောင်းရင် ထောင်ထဲ ခဏသွားလည်နေတဲ့ မင်းသား ရဲတိုက်နဲ့ပါ တွေ့ဆုံနိုင်ဖို့ အခွင့်အလမ်း ရှိပါသေးတယ်နော်။
(sorry ပါ၊ ရဲတိုက်က တောက်ငူထောင်မှာတဲ့ဗျ)
ဒါ့အပြင် ၆၆(ဃ) နဲ့ ဆွဲစိခံထားရတဲ့ သတင်းစာဆရာ၊ ကဗျာဆရာ၊ အခြားအနုပညာရှင်များကိုပါ တွေ့နိုင်ပါတယ်။
အင်းစိန်ထောင်ရဲ့ trademark ဖြစ်တဲ့ ကြိုးစင်ကတော့ တော်ရုံတန်ရုံလူ မကပ်နိုင်ပါဘူးခင်ဗျ။
ကြိုးစင်တက်ချင်ရင်တော့ ထောင်အပြင်မှာ အမှုခပ်ကြီးကြီး တစ်ခုကို စွမ်းဆောင်လာနိုင်မှ ရမှာနော်။ 😁😁😁
တိုက်ပိတ်ခံရတဲ့ Feeling ကို ခံစားချင်ရင်တော့ ထောင်အရာရှိတစ်ယောက်လောက်ကိုသာ လက်သီးနဲ့ ထိုးလိုက်ပါဗျာ။ မကြာခင် ကိုယ်တစ်ယောက်တည်း solo room ထဲမှာ တိုက်ပိတ်ခံရမှာပါ။
ကိုယ့်ဘာသာအေးဆေး နားနေလို့ကောင်းတာပေါ့။
ထောင်ထဲမှာနေခွင့် သတ်မှတ်ရက်ပြည့်တဲ့အခါ ကျရင်တော့ ထောင်ဝန်ထမ်းတွေက သင့်ကို လာခေါ်မှာပါ။
ထောင်က မထွက်ခင် ထောင်မှူးကြီးက အပြင်ရောက်ရင် လိမ်လိမ်မာမာ နေဖို့ ဆုံးမစကားတွေ ပြောပေးမှာပါ။
လူကြီးသူမစကားဆိုတော့ လေ့လာမှတ်သားရတာပေါ့။
သိပ်မကြာခင်မှာပဲ ဝင်လာစက တွေ့ခဲ့တဲ့
ထောင်ဘူးဝ နီနီကြီးကို ဖြတ်ပြီး အပြင်လောကထဲ ပြန်ရောက်လာရောပေါ့ဗျာ။
ဒီမှာတင်ပဲ အလည်အပတ် ခရီးက ပြီးဆုံးခဲ့ပါပြီခင်ဗျာ။
အင်းစိန်ထောင်ထဲ ထပ်နေချင်ရင် ရက်ပိုင်းကအစ တစ်သက်လုံးအထိ Package အမျိုးမျိုးရှိပါတယ်။
ထောင်ထဲမှာကိုယ်နေချင်တဲ့ အချိန်ပေါ်မူတည်ပြီး
လူရိုက်မှု၊ ခိုးမှု၊ မုဒိန်းမှု၊ လူသတ်မှု စသဖြင့် အမှုတွေ ဖန်တီးခဲ့ပြီး ထောင်ထဲမှာ အေးအေးဆေးဆေး
အချိန်ဖြုန်းလို့ ရပါတယ်လို့။



Credit to Thurein Soe




Previous
Next Post »