KBZဘဏ်ဝန်ထမ်းက KBZဘဏ်မှာငွေလာထုတ်သူကို "စောက်လုပ်တွေကိုရှုတ်နေတာပဲလို့ ပြောရအောင် စောက်လုပ်ရှုတ်တဲ့ အလုပ်လုပ်ဖို့သူ လစာယူထားတာမဟုတ်ဘူးလား?? " လ်ို့ ကျမမေးပါရစေ...(လှိုင်သာယာ ၅ထိပ်မှတ်တိုင် KBZ ဘဏ်ခွဲ က ကိုယ်ဝန်ဆောင်ဝန်ထမ်းအမျိုးသမီးပြောတာပါ)
ကျမ ဘဏ်စာအုပ်ပေးလိုက်တယ် မှတ်ပုံတင် မူရင်းပေးလိုက်ပါတယ်
ကျမတပည့်ကို လှိုင်သာယာ ၅ထိပ်က KBZဘဏ်မှာ ငွေထုတ်ယူဖို့လွှတ်လိုက်တယ် ဖြည့်စရာတွေအကုန်ပီးတော့ ငွေစုစာအုပ်ထဲက လက်မှတ်နဲ့အပြင်က လက်မှတ်နဲ့မတူလို့ လူကိုယ်တိုင်လာခဲ့တဲ့ ဆိုပီး ဘဏ်စာအုပ်ရော မှတ်ပုံတင်ရော ပြန်မပေးလိုက်ပဲ ယူထားတယ်...ကျမတပည့်လူချည်ပြန်လာရတယ်.ဟုတ်ကဲ့ ကျမလုံးဝမအားလို့ လူလွှတ်လိုက်တာပါ...(ကျမအတော်လေးစိတ်ကသိကအောက်ဖြစ်သွားပါတယ်...)
ဒါပထမဆုံးအကြိမ် ကိုယ်စားငွေသွားထုတ်ခိုင်းခြင်းမို့ပါ။
ထို့နောက် ကျမ နံမည၊် မှတ်ပုံတင၊် ဖုန်းနံပါတ် နှင့်တကွ passportပါထည့်ပေးပြီး ကျမလက်မှတ်ပါထိုးပေးလိုက်တဲ့ စာရေးပေးလိုက်တယ် လိုအပ်ရင် (အသုံးမဝင်မှန်းသိပေမဲ့)ဘွဲ့လက်မှတ်နဲ့ ခြံမြေအရောင်းအဝယ်စာချုပ်တွေပါ ထည့်ပေးလိုက်မယ်လို့ စာရေးပြီး လက်မှတ်ထိုးပေးလိုက်ပြီး ဒုတိယအကြိမ် ထပ်လွှတ်လိုက်ပါတယ်..(လွှဲပြောင်းထုတ်ယူသူကို ဘာမှသေချာစွာရှင်းမပြ ထိုစာကိုလဲမလိုအပ်ဟုပြော)
ကျမ မသိလို့ထပ်မေးပါရစေဦး ..မြန်မာနိုင်ငံလုံးဆိုင်ရာနဲ့ အလုပ်လုပ်နေတဲ့ KBZဘဏ်မှာ သူတ်ို့ဘဏ်မှာ ငွေစုသူတွေအပေါ် ဒါဝန်ဆောင်မှု့အကုန်လား?? ကျမတပည့် ငွေမပါ စာအုပ်ပြန်မပါ မှတ်ပုံတင်ပြန်မပါ လက်ဗလာနဲ့ ကားမှတ်တိုင် ၄မှတ်တိုင်ကို ဒီတိုင်း ဒုတိယအကြိမ် ထပ်ပြန်လာပါတယ်။
စာရွက်တစ်ရွက်ထည့်ပေးလိုက်ပါတယ်
"လွှဲပြောင်းယူသူ စာရွက်လို့ရေးထားပါတယ် " ကျမလက်မှတ်၃ခုထိုးရတဲ့ စာရွက်ဖြတ်ပိုင်းလေးပါ...ဟုတ်ပီ ဒီလိုလုပ်ပေးလို့ရပါတယ်လို့ ပထမဆုံးအခေါက်ကတည်းက ဘာ့ကြောင့်မပြောလိုက်တာလဲ..??
ok ရသေးတယ်..ပေးလိုက်တဲ့ဖြတ်ပိုင်းပေါ်မှာ ဖြည့်စရာဖြည့် လက်မှတ် ၃ခုလုံးထိုးပြီး တတိယအကြိမ် ပြန်ပေးလိုက်ပါတယ်။အသွားအပြန် ၆ခေါက်ရှိနေပါပြီ။
ကျမတပည့် ၄ကြိမ်မြောက် ကျမဆိုင်ပြန်ရောက်လာတယ်..
မှတ်ပုံတင်နဲ့ ငွေစုစာအုပ်ပြန်ပေးလိုက်တယ် လက်မှတ်၃ခုလုံးထိုးပေးရတဲ့ ဖြတ်ပိုင်းလေးပြန်ထည့်ပေးလိုက်တယ်..ထ်ု့နောက် သူတို့ဘဏ်မှာ ငွေလွှဲပြောင်းထုတ်ယူလို့မရလို့ ငွေစစုတဲ့ လှိုင်သာယာ၈၆ ဂိတ် KBZဘဏ်မှာ သွားထုတ်ပါတဲ့ ..
ကျမတပည့်လေးက "အကိုတို့ ဒါဆိုရပြီလား တခြားဘာတွေလိုသေးလဲ" လို့မေးတော့ "ရပြီ" လို့ဖြေလိုက်တယ်တဲ့(ထိုကိစ္စအစအဆုံးကို တစ်ခါသွား ဝန်ထမ်းတစ်ယောက်ပြောင်းပြီး ဆောင်ရွက်နေခြင်းဖြစ်သည်)..
ကဲ့ ..ကြည့် ..အစောကတည်းကဘာလို့ ဒီလိုမပြောလဲ.??.ကျမဆိုင်ကောင်မလေး မိုးရေထဲ အသွားအပြန် ၈ခေါက်တိတိပါ(ကားမှတ်တိုင် ၄မှတ်တိုင်အကွာပါ)
ငွေစစုသောKBZဘဏ်ခွဲ (လှိုင်သာယာ၈၆)ကို ဟိုဘက်က ပြန်ပေးလိုက်တဲ့ စာရွက်စာတန်း ဘဏ်စာအုပ် မှတ်ပုံတင်တွေနဲ့ ရောက်တော့ ဘဏ်ဝန်ထမ်းတွေ လာထုတ်တဲ့သူ မှတ်ပုံတင်မပါလို့ မရပါဘူး တဲ့
ဟော........ကြည့်....
ဒါဆို KBZဘဏ်(၅ထိပ်လှိုင်သာယာဘဏ်ခွဲ)က
၁)..ကိုယ်စားထုတ်မရလျှင် ဘာ့ကြောင့် ငွေစုစာအုပ်နဲ့ မှတ်ပုံတင်ပြန်မပေးလိုက်သနည်း? [မှတ်ပုံတင်နှင့်တကွ ဘဏ်စာအုပ်ကိုပါ ခိုးယူလာသည်ဟု သံသယရှိသောကြောင့်လား???] ထားပါတော့...
၂)..ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူခိုင်းခြင်းအမှန်ကို သိသွားသည့်နောက် လိုအပ်သော တိကျသည့်အချက်များအားအဘယ့်ကြောင့် တစ်ခါတည်းမပြောလိုက်သနည်း?
၃..မည်သို့သော အကြောင်းပြချက်များကြောင့် မိမိဘဏ် KBZတွင် ငွေစုသူအပေါ် အချိန်နှင့် လူ ပင်ပန်းအကျိုးမရှိအောင် လုပ်ရသနည်း?
KBZ ဘဏ်(လှိုင်သာယာ၅ထိပ်)မှ ယနေ့လုပ်ရပ်နှင့်ပက်သက်သော သက်ဆိုင်ရာ ဝန်ထမ်းများ အားလုံးကို သိပ်စိတ်ပျက်စွာ ရှုံ့ချပါသည်။
#စုစုပေါင်း အသွားအပြန် မိုးရေထဲ ၁၂ခေါက်တိတိပါ
ကျမ ဘယ်တော့မှ မည်သည့် KBZဘဏ်များနှင့် မည်သို့သော ငွေစု ငွေထုတ် ငွေလွှဲ အလုပ်ကိစ္စများ လုပ်တော့မည်မဟုတ်ပါ ။ ။
ညံ့ဖျင်းသောဝန်ဆောင်မှု့ထက် မိမိဘဏ်အပေါ် ယုံကြည်စွာ အလုပ်လုပ်သူအပေါ် စော်ကားခြင်းဖြစ်သည်လို့ပဲ ကျမမြင်မိပါသည်.
နောက်ဆုံး ကျမကိုယ်တိုင် ထုတ်လို့ရတဲ့အထိ အကုန်သွားထုတ် ဘဏ်စာအုပ်ပါ မီးမွှေး ပစ်လိုက်ပါတယ်..
ဘဏ်၏ imageသည် ဘဏ်ဝန်ထမ်းများနှင့် အပြည့်အဝသက်ဆိုင်ပါသည်။
ကျမ KBZဘဏ်ကို လုံးဝမုန်းသွားပါပြီ။
နောက်ဆက်တွဲ သတင်းအနေနဲ့
(တာဝန်ရှိတဲ့လူကြီး၂ယောက်တော့ဖုန်းလှမ်းဆက်တောင်းပန်တယ်ဟ..ငါ့ဆီလဲလာပြီးတောင်းပန်မယ်တဲ့..တာဝန်ရှိတဲ့ဝန်းထမ်းကိုလဲ ထိထိရောက်ရောက်အရေးယူမယ်တဲ့...သူတို့လိုအပ်ချက်တွေအပေါ် တောင်းပန်သွားတယ်...ငါလဲတောင်းပန်တာလက်ခံပါတယ်လို့. ဘာရည်ရွယ်ချက်မှမရှိဘူး..ဝန်ထမ်းကိုလဲ အရမ်းတွေမလုပ်ပဲ trainပေးဖ်ု့ပဲပြောလိုက်တယ်...နောက်အဲ့လိုမဖြစ်စေရပါဘူးတဲ့....ငါလဲ..ဟုတ်ကဲ့ နောက်ဘယ်တော့မှလဲ KBZဘဏ်နဲ့ အလုပ်မလုပ်တော့ဘူးလို့ပြောလိုက်တယ်...သူတို့လိုအပ်ချက်သူတို့သိတယ်...ပြီးတော့ အဲ့ ဘဏ်ခွဲ ကအတော်လေးနံမည်ပျက်ဖြစ်နေတယ်တဲ့....ခုငါ့ဆိုင်က ဧည့်သယ်တွေ လာလာပြောကြတယ်) ဟု Comment တွင် ပြန်လည် ပြောပြထားပါသည်။)
Thae Su Mön

![]() |
| သောက်မီးခိုးတောင်မွှန် |