သတင်းမှားများကိစ္စ မြန်မာအစိုးရနှင့် Facebook ဆွေးနွေး

သတင်းမှားများကိစ္စ မြန်မာအစိုးရနှင့် Facebook ဆွေးနွေး
__________________________________________________
Facebook (လူမှုကွန်ရက် စာမျက်နှာ)ပေါ်တွင် သတင်းမှားများ ဖြန့်ဝေနေသည့်
ရိုဟင်ဂျာဗီးရှင်း မြန်မာအပါအဝင် တရားမဝင် အွန်လိုင်းမီဒီယာများကို ထိရောက်စွာ 
ကိုင်တွယ်နိုင်ရေးအတွက် Facebook ကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ
ပြုလုပ်နေသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား
သည်။.
“Facebook နဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ သတင်းအမှားတွေ လွှင့်တာနဲ့ ပတ်သက်ပြီး
ဘယ်လိုဟိုဘက် ဒီဘက်ဆောင်ရွက်လို့ ရမယ်ဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်”
ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဆွေးနွေးမှုများ ပြုလုပ်နေသေးသည့်အတွက် အရေးယူ ဆောင်ရွက်ခြင်း
ကိစ္စများကို ယခုအချိန်တွင် မပြုလုပ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။‘ရိုဟင်ဂျာဗီးရှင်းမြန်မာ’
အမည်ရှိ Page တစ်ခုသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရခိုင်ပြည်နယ်အရေးနှင့်
ပတ်သက်ပြီး မဟုတ်မမှန် သတင်းများကို ထုတ်လွှင့်လျက်ရှိပြီး ယင်းသို့သော မီဒီယာများကို
အရေးယူ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးထံမှ သိရသည်။
လူအများ သုံးစွဲနေသည့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှားများ ဖြန့်ဝေ
နေသည့် မီဒီယာ စာရင်းအတိအကျကို လက်ရှိတွင် မသိရသေးဘဲ ၎င်းတို့ကို စာရင်း
ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။
The Voice
Posted-Nyi Nyi Tun FB


Previous
Next Post »