အထူးသတင်း
~~~~~~~~~
H1N1 ရန်ကုန်မှာတွေ့ပြီ
၁။ H1N1 ရောဂါပိုး သံသယရှိ လူနာနှစ်ဦး ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိနေ
H1N1 ရောဂါပိုးသံသယရှိတဲ့ လူနာနှစ်ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိနေတယ်လို့ ရန်ကုန်ဆေးရုံရဲ့ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။
လူနာနှစ်ဦးရဲ့ အခြေအနေဟာ လက်ရှိမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ဒီကနေ့ ညနေ ငါးနာရီက 7 Day TV ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက အတည်ပြု ပြောကြားခဲ့တာပါ ။
မနက်ဖြန် ဇူလိုင်လ ၂၄ ရက် ညနေ လေးနာရီမှာတော့ တရားဝင် သတင်းထုတ်ပြန်မှာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောကြားခဲ့တာပါ ။
မြန်မာနိုင်ငံမှာ H1N1 နဲ့ ပက်သက်ပြီး သံသယရှိ လူနာကို အခုမှသာ ပထမဆုံး တွေ့ရှိရတာ ဖြစ်ပါတယ် ။
ကမ္ဘာမှာ စပိန် တုပ်ကွေး လို့ခေါ်တဲ့ H1N1 ဗိုင်းရပ်ပိုးကို ၁၉၁၈ ခုနှစ်ကနေ ၁၉၂၀ အတွင်း အများဆုံး တွေ့ခဲ့ရပြီး လူပေါင်း သန်း ၅၀ ကနေ ၁၀၀ ခန့် သေဆုံးစေခဲ့တယ်လို့ လေ့လာတွေ့ရှိ
#7 Day
https://www.facebook.com/7DayOnlineTV/videos/1592005607537802/
